စာပေ ဝေဖန်ရေးဆိုသည်က အဘယ်နည်း။
(က)
ကျနော်၏ အနှစ် ၆၀ ကျော် စာပေဘ၀ကို ပြန်၍ကြည့်လိုက်သောအခါ ကျနော်စတင်ရေးသားခဲ့သော စာပေ ဝေဖန်ရေး
များသည် ကျနော်၏ထိုအခါက စာပေစိတ်ဓာတ်အဖူးအပွင့်များဟုဆိုလျင် ရမည်။ ဆယ်ကျော်သက် နုပျိုအရွယ်ဖြစ်၍ စိတ်
ဓာတ်သာရှိနေသည်။ အတွေ့အကြုံက သိပ်မရှိသေး။ ထို့ကြောင့် ယင်းစိတ်ဓာတ်ကလေး ဖြင့်သာလျင် စာပေဝေဖန်ရေးကို
စရေးခဲ့ခြင်းဖြစ်သည်။
ကျနော်က စာပေဝေဖန်ရေးကို ဖန်တီးမှု ရသစာပေဖွဲ့နွဲ့မှုခြင်း သဘောမျိုးစဉ်းစားသည်။ ကာယလေ့ကျင့်ခန်း ယူသောအခါ တဖြည်းဖြည်း ကြွက်သားများ တောင့်တင်းရင့်မာလာကြသည်။ ယင်းသို့ပင် စာပေဝေဖန်ရေးကို အလေ့အကျင့်လုပ်ပါမှ စာ ပေဝေဖန်ရေးသည် တောင့်တင်းသန်မာပေလိမ့်မည်။ ကျနော်၏ စာပေဝေဖန်ရေး အတွေ့အကြုံမှ ရရှိလာသော အသိဖြစ် သည်။ ထိုအခါက ကျနော်၏အတွေ့အကြုံမှာ မယ်မယ်ရရမရှိ၊ ကျောင်းသားဘ၀က ကျနော်တို့စာပေသမားအချင်းချင်း
တွေ့ဆုံခြင်း၊ စာပေရေးရာ ပြောဆိုကြသောအခါ မိမိဖတ်ရသည့် ရသခံစားမှုများကို ရေးချကြည့်မိသည်။ အကျိုးအပြစ်
ကောင်းစွာနားမလည်။ သို့သော် ကျနော်သည် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော စာပေဝေဖန်ရေးများ ဖတ်သောအခါ ရသင့်သလောက်ရသည်။ နည်းနာကို သိလာသည်။ ထိုအခါကတော့ စာပေဝေဖန်ရေး ဖူးစ၊ ပွင့်စ၊ အကဲဖြတ်ရေးဟူသော ဝေါဟာရတခု ရှိသည်။ အကဲဖြတ်ရေး၊ ဝေဖန်ရေးသဘော သိပ်မပါဘဲ ရသစာပေတပုဒ်ကို မည်ကဲ့သို့ နားလည်ရမည်ကို အခြေခံ၍ ရေးသည်။ မိမိ၏ စာပေအတွေ့အကြုံဖြင့် ရေးခြင်းဖြစ်သည်။ ကျနော်၏ ပထမဆုံးလောက်ဖြစ်မည် ထင်သော ဦးတိုး၏ ရတုများကိုဖတ်ပြီးရေးသော ဆောင်းပါးများသည် ယင်းအမျိုးအစားဖြစ်သည်။ ကျောင်းသား ဘ၀က ကျနော် စာ
ပေဝေဖန်ရေးများ ရေးတတ်သည်။
(ခ)
အယ်ဒတ်ဟတ်စလေ၏ ဝေဖန်ရေးများကို ကြိုက်သည်။ သူသည် ကောင်းစွာသိသူဖြစ်သည်။ ဘာသာရပ်များကို ကောင်း
စွာသိသည်ကို အားကျသည်။
ဝေဖန်ရေးဆိုသည်ကလည်း အကြမ်းအားဖြင့် နှစ်မျိုးလောက် ခြားနားသည်။ ...
ကဗျာ၊ ၀တ္တု၊ ပြဇာတ်စသော ရသစာပေများကို ဝေဖန်သော ဝေဖန်ရေးနှင့် ၏ ရသမဟုတ်သော စာများကိုဝေဖန်သော
ဝေဖန်ရေးတို့ ဖြစ်သည်။
အယ်ဒတ်ဟပ်စလေ၏ ဝေဖန်ရေးကိုဖတ်ပြီး ဝေဖန်ချင်သည်။ ဘက်စုံဗဟုသုတရှိသူ၊ စာပေများကို နှံ့စပ်စွာ ဖတ်ရှု့ပြီး
သူဟု ထင်သည်။
ကျနော်ကတော့ ဘာရယ်မဟုတ်၊ တာရာမဂ္ဂဇင်းထုတ်ဝေသောအခါ ယင်းမဂ္ဂဇင်းတွင် ဆောင်းပါးများရေးဖြစ် သည်။ ကျနော်ကိုယ်တိုင် စတင်ရေးသားရာမှ ဝေဖန်ရေးကို စတင်စိတ်ဝင်စားလာခြင်းဖြစ်သည်။ ရသစာပေသာ မဟုတ် ဂီတ၊ ပန်းချီ၊ ရုပ်ရှင်၊ သဘင်ပြဇာတ် စသည်များကိုလည်း စိတ်ဝင်စားသူဖြစ်၍ စာပေသာမက အနုပညာ ရေးရာများကိုပါ
ရေးဖြစ်သွားတော့သည်။ ထိုအခါကတော့ အသက် ၂၀ ကျော်စ အရွယ်။
အက်ဒတ်ဟပ်စလေသည် မြန်မာပြည်သို့ ၁၉၃၀က ရောက်ဖူးရာ သူသည် ဧရာဝတီဖြစ်ရိုးလျောက် သင်္ဘောဖြင့် သွားရင်း မှန်နန်းရာဇ၀င်ကို ဖတ်သည်ကိုသိရ၍ ကျနော်တော်တော်ကျေနပ်သွားသည်။ ဝေဖန်ရေး ရေးသူသည် မိမိသိရှိရန်လိုသော
ဘာသာရပ်ကို စိတ်ရှည်ရှည်ဖြင့် လေ့လာရန်လိုပါကလားဟု နည်းလည်ခဲ့သည်။
တာရာမဂ္ဂဇင်းမှာ ၁၉၅၀၊ မေလတွင် ရပ်စဲသွားခဲ့ရသည်။ ထို့နောက် ကျနော်သည် အခြားမဂ္ဂဇင်းများတွင် ရံဖန်ရံခါ
စာပေဝေဖန်ရေးများကို ရေးသည်။ ၁၉၇၀ ၀န်းကျင်လောက်ကစ၍ ဗညားသီဟ ဟူသော ကလောင်အမည်ဖြင့်
စာပေဝေဖန်ရေးများ ရေးသည်။
(ဂ)
ကျနော်သည် ရုပ်ရှင်ရိုက်ကွင်းများသို့သွားရောက်သည်။ ကျောင်းသားဘ၀က ကျနော်သည် ရုပ်ရှင်တွင်စိတ်အား ထက်သန် သဖြင့် မြန်မာအဆွေ၊ အေ၀မ်းရုပ်ရှင်ခြံများသို့ သွားရောက်လည်ပတ်တတ်သည်။ မြားနတ်မောင်၊ ချစ်အမျှ စသော ရိုက်ကူး နေသောနေရာများသို့ သွားရောက်ခဲ့ဖူးသည်။ ထိုအခါက အေ၀မ်းဦးတင်မောင်၊ ဦးသုခတို့မှာ ကျနော်နှင့် ခင်မင်ရင်းနှီး
သဖြင့် သွားခွင့်ရခြင်းဖြစ်သည်။
ကျနော်သည် ယင်းစာပေနှင့် အနုပညာဝေဖန်ရေးများ လုပ်စဉ်ကတည်းက အနုပညာနှင့် အတွေးအခေါ် (၀ါ) ဒဿနကို
ချင့်ချိန်ဝေဖန် ရေးသားရမည်ကို စဉ်းစားမိသည်။
စာပေတွင် ကျနော်က စာပေသစ်ဟု ဆိုလိုက်သောအခါ ယင်းစာပေသစ်အယူအဆဖြင့် နောက်ခံကား ဝေဖန်ရေး များကို ရေးလိုက်သည်။ ၁၉၃၉ က ထုတ်ဝေခဲ့သော အိုးဝေမဂ္ဂဇင်းတွင် နွေဦးဟူသောအမည်ဖြင့် ခေါင်းကြီး ရေးသည်။ ယင်းခေါင်း ကြီးပိုင်းမှာ ဒဿနထည့်သွင်းရေးသည်၊ အနုပညာနှင့် စာပေကို ထည့်သွင်းဖေါ်ပြထားသည်။ ယင်းသည် အနုပညာနှင့်
စာပေအတွေ့အကြုံ ဖူးစ၊ ပွင့်စ သဘောပေတည်း။
ဒဂုန်တာရာ
၂၄ ၄ ၀၁
0 comments:
Post a Comment