Monday, August 30, 2010

ပဲရစ်မြို့တော် ပြတိုက်မှ ဒေါ်လာ ၁၂၃ သန်းတန် ပန်းချီ ၅ ချပ် အခိုးခံရ


ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ် ရှိ မော်ဒန် အနုပညာ ပြတိုက် ( Paris Museum of Modern Art) မှ ကမ္ဘာ့ ပန်းချီအကျော်အမော်များ ဖြစ်သော ပီကာဆို နှင့် မက်တီစ့် တို၏ လက်ရာများ အပါအဝင် ဒေါ်လာ ၁၂၃ သန်းခန့် တန်ကြေးရှိသော အဖိုးတန် ပန်းချီကား ၅ ချပ် မေလ ၁၉ ရက်နေ့ ညပိုင်းက အခိုးခံရသည်ဟု သိရသည်။

ပန်းချီကားများ အခိုးခံရသည်ကို ကြသပတေးနေ့ ပြတိုက်ဖွင့်ချိန်တွင် ပြတိုက် ဝန်ထမ်းများက စတင်သတိပြုမိခဲ့ပြီး ယခုအခါ အီဖယ်မျှော်စင် အနီးရှိ အဆိုပါ ပြတိုက်ကို လုံခြုံရေးအရ ပိတ်ထားလိုက်ပြီ ဖြစ်သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဤဖြစ်ရပ်မှာ ကောင်းစွာကြိုတင် အစီအစဉ် ချထားဖွယ်ရှိကြောင်း ပြတိုက်၏ လုံခြုံရေးစနစ်ကို အပိတ်ခံထားရပြီး လုံခြုံရေး ကင်မရာမှ မျက်နှာဖုံးစွပ်ထားသော ဖောက်ထွင်းသူ တစ်ဦးတည်းသာ ပြတိုက် ဂိတ်ပေါက်သော့ကို ဖျက်၍ ပြတင်းပေါက်ကို ရိုက်ချိုးနေသည်ကို ရိုက်ကူးမိကြောင်း သိရသည်။


ခိုးယူခြင်းခံရသော အဖိုးတန် ပန်းချီကား ၅ ချပ်မှာ

Le pigeon aux petits pois (The Pigeon with the Peas)
by Pablo Picasso (1911)

La Pastorale (Pastoral)
by Henri Matisse (1906)

L’Olivier Près de l’Estaque (Olive Tree near Estaque)
by Georges Braque (1906)

La Femme à l’Éventail (Woman with a Fan)
by Amedeo Modigliani (1919)

Nature Morte aux Chandeliers (Still Life with Chandeliers)
by Fernand Léger (1922)

တို့ဖြစ်ကြသည်။

ယဉ်ကျေးမှု ဒုတိယဝန်ကြီး Mr. Girard က ဤဖြစ်ရပ်မှာ လူသားမျိုးနွယ် တစ်ခုလုံးနှင့်ဆိုင်သော ယဉ်ကျေးမှု အမွေအနှစ်ကို ခိုးယူသည့် ဆိုးရွားသော ပြစ်မူဖြစ်သည်ဟု ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးသူများက ချိုးဖောက်ခံရသော ပြတိုက်၏ လုံခြုံရေးစနစ်အတွင်းက ချွတ်ယွင်းချက် အပေါ် စိုးရိမ်လျက်ရှိကြသည်။

0 comments:

Post a Comment