စားကျက်ဆီကနေ အိမ်အပြန်
စားနေရတဲ့ မြက်တွေထက်ပိုပြီး စဉ်းစားမိ
ဝမ်းမီးအပြီးမသတ်နိုင်သေးတဲ့ အစာအိမ်မှာ
အစားအစာတွေကို သွားနဲ့ပြန်ကျိတ်ဝါးနေတုန်း
စပါးပင်လေးတွေကို ချစ်တဲ့စိတ် အစား
ချည်တိုင်ကို ရွံမုန်းတဲ့စိတ်က
စားတယ်။ ။
၁၁၊ မေ၊၂၀၀၉
မြတ်ဝေ









“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်”



0 comments:
Post a Comment