လိပ်ပြာ၏ရန်၊ ပိတုန်းလှန်လည်း
ပန်းမာလ်တို့တွက် မဟုတ်ခဲ့။
ကျားအန္တရာယ်၊ မုဆိုးကယ်လည်း
သားငယ်တို့တွက် မဟုတ်ခဲ့။
ပိတုန်း လိပ်ပြာ၊ လှည့်ကွက်ရှာပြီ
ပန်းမာလာတို့ ညီညွတ်ကြ။
မုဆိုးနှင့် ကျား၊ ဥာဏ်ကစားပြီ
သားငယ်တို့လည်း ညီညွတ်ကြ။
(ဆရာကြီး) တင်မိုး -လှေတစင်းနှင့်သီချင်းသည် (တတိယအကြိမ် ၁၉၇၂) သန်းဌေးစာပေ၊ရန်ကုန်မြို့









“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်”



0 comments:
Post a Comment