Friday, August 13, 2010

အနိစ္စ

နာမ်ကသဏ္ဍန်လုပ်
သရုပ်ဆောင်နေတာကို
အဟုတ်ထင်ပြီးချဉ်းကပ်။

သင်္ခါရကို
တဏှာအားကိုးနဲ့
ဆင်ကန်းတောတိုး ။

သံသရာကို
မာစီးဒီးနဲ့
သွားမယ်တဲ့။

အပြုံးမျက်နှာဖုံးတွေတပ်
ယဉ်ကျေးတဲ့ပတ်ဝန်းကျင်မှာ
အခုချိန်ထိနာမည်ကြီးဆဲ။

တစ်ဘဝစာပေးထားတဲ့
နတ္ထိအခန်းမှာ
လေချွန်သံတချက်စာမျှ
အမှန်တရားကိုမြင်ပါရစေ။ ။

မိုးဂေါင်

0 comments:

Post a Comment