Saturday, August 14, 2010

ဆရာကန်တော့ပွဲ

ကာယဝစီ၊ မနောချီလို့
သုံးလီဦးချ၊ ဆရာ “ဘ”ကို
တို့က ကော်ရော်၊ မြတ်ပူဇော်။
“မင်းတို့ကိုကွာ၊ ငါဆရာ
ခွင့်လွှတ်ပါတယ်ဗျာ” တဲ့။
“မင်းတို့တစ်ခါ၊ ငါဆရာ
တုံ့ပြန်ခွင့်လွှတ်ဗျာ” တဲ့။
ခွင့်လွှတ်ခြင်းသာ မြင့်မြတ်ရာ
တပည့်ဆရာ ငြိမ်းချမ်းသာ။
လွှမ်းဖြန့်မေတ္တာ ပြည်မြန်မာ

မောင်စွမ်းရည်
၁၄ . ၁၂ . ၉၃

0 comments:

Post a Comment