မြက်ကြားထဲက ကောက်လို့ရ
ကဗျာတစ်စ စာတစ်စ။
ဘာဗျ ဘာဗျ ပြောပါဗျာ။
ချစ်ကဗျာလား၊ လွမ်းစာလား။
လွမ်းစာမဟုတ် ချစ်မဟုတ်
မြေကြီးချစ်ဖို့ စာတစ်ပုဒ်။
နောက်တစ်ပုဒ်က မိုးချစ်စာ။
မြေနှင့် မိုးတို့ တွေ့သောအခါ
ကမ္ဘာလောက ထလို့ က။
ဝမ်းသာအားရ ရှိလို့ပါ့။
ကဗျာတစ်စ စာတစ်စ
မြက်ကြားထဲက ကောက်လို့ရ။
သိကြပါဗျာ မိတ်ဆွေများ။
စိမ်းလန်းပျော်ပါး ဟိုမြက်ကြား။
မင်းသုဝဏ်
၁၉၉၇ ခုနှစ် မတ်လထုတ်
ရုပ်ရှင်တေးကဗျာမှ
ကူးယူဖော်ပြသည်။









“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်”



0 comments:
Post a Comment