Friday, August 27, 2010

နောက်ဆုံးနေ့ရဲ့သုံးဖက်မြင်(လူနာရှင်၊ဆရာဝန်၊လူနာ)

တစ်ခုခုကို စောင့်မျှော်နေတဲ့ သူမ
နံဘေးမှ ဖေးမလျှက် မျှော်လင့်စိတ်ကလေး သိမ်ငယ်
ပြီးဆုံးသွားမှာဆိုပေမယ့် လူပဲ သံယောဇဉ်နဲ့
ချစ်ခြင်းမေတ္တာနဲ့ နှောင်ကြိုးနဲ့ ကျေးဇူးပြုပြီး ဆရာရယ်
ခေါင်းမခါလိုက်ပါနဲ့ ခေါင်းမခါချင်ပေမယ့်လေ
တခါတရံ အဆိုးဆုံးကို လှမ်းမြင်နေလည်း အားကိုးရှာမိတဲ့
အဖြစ်လို သူမရဲ့မျက်ဝန်းတွေကို အလိုလို သိနေပေမယ့်လေ
ပညာသားပါတဲ့ ကံဆိုတဲ့အသုံးကို ပါးစပ်ခါးမိပေမယ့်လေ
အတွေ့အကြုံအရ စမ်းသပ်မှုအဖြေများအရ
ပြည့်ပြည့်၀၀ ” လေ” နဲ့ အသက်ရှုခွင့်တွေကို ဘယ်သူကများ
နှုတ်ယူသွားခဲ့လဲ အခု ဘယ်ရောက်နေတာလဲ မှောင်မဲလို့
ရှုပ်ထွေးလို့ အသိစိတ်တွေ ထွေလို့ နေလို့ မရတော့ဘူး
အခုပဲ ရပ်စဲသွားတော့မလား လူဖြစ်ခြင်းရဲ့ တန်ဖိုးကို
အစွမ်းကုန် သိရှိခဲ့ပြီးမှ။ ။

စရဏမဂ္ဂဇင်း

0 comments:

Post a Comment