နေ့စဉ်မှတ်တမ်းမှ ကောက်နုတ်ဖော်ပြချက်
အရပ်သားလည်းကြိုက်မယ့် စကားတစ်ခွန်း
အရပ်သား စကားတောင် မလည်သာ
မြန်မြန်ရိုက် အေးအေးဆေးဆေးဖြန့်
ရွှင်ရွှင်ပျော်ပျော် တွဲထုတ်ဖို့
မနေ့က စိတ်ကူးမိတာ မနက်က
အခုပဲ ဒီနှစ်ထဲ အခုကစ အတည် ဒီစကားမဆုံးခင်
ဆုံးပြီးနောက်ပိုင်း ဒီနေ့က စရေးတဲ့ ကမ္ဘာ
နှစ်ယောက်လွဲဖို့ Yes ဒီနေ့က စမယ် အော်ပြော
နာရီစင်နဲ့ ငါးချဉ်နဲ့
မြစ်ရေကြီးတာလည်း နှစ်စဉ်
ပဲခူးမြို့ကြီး ပဲခူးမြစ်ကြီးဖြစ်ခဲ့ပေါ့
မင်းမှာ တစ်ခြားသွားစရာ မရှိတော့ဘူးလား
ကတုန်ကယင် ဖြုတ်မရတဲ့ ကားတွေ
တကယ်လည်းသွားစရာမရှိခဲ့ဘူးလေ(သွားဆရာသွား)
သူငယ်တန်းက ပန်းစိုက်ခင်း
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဘားလမ်းထိပ်မှာ
တစ်ခါစားခဲ့ဖူးတဲ့ အရသာ ပြန်ရှာတာ
“ရူးနေလား” မေးလိုက်
သူ့မှာ နှလုံးသားကလွဲလို့ ဘာအင်အားမှ မရှိဘူး
Goodbye မင်းလိုပေါ့
လန်ဒန်တံတားကြီး ကျိုးကျမှာလား
သမီးက ဖြစ်ချင်တယ် ဆိုရင်ပေါ့။ ။
စိုင်းဝင်းမြင့်
အမှတ်(၂)
နိုဝင်ဘာ ၂၀၀၈
မြန်မာသစ် ရသစုံမဂ္ဂဇင်းမှ
ကူးယူဖော်ပြသည်။









“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်”



0 comments:
Post a Comment