Thursday, August 26, 2010

Windows 7 တွင် File Icon ပြောင်းလဲ အသုံးပြုနည်း

ဘာမှ မရေး သေးခင် ဒါများ Google မှာ ရှာလည်း ရတာ ပဲကွာ ဆိုပြီး မထင်လိုက် ပါနဲ့ဦး။ Google မှာ ရှာလို့ ရပေမဲ့ ကျွန်တော် တွေ့သလောက် ကတော့ ဟို site က ဟိုလိုပြော၊ ဒီ site က ဒီလိုပြောနဲ့ ခေါင်းမူး သွားပါ လိမ့်မယ်။ ဒါကြောင့် ကျွန်တော် စမ်းသပ် ကြည့်ပြီး အဆင် ပြေခဲ့ တာလေးကို ရှယ်ယာ လုပ်လိုက် တာပါ။

Windows 7 မှာ XP တုန်းကလို ဖိုင်တစ်ခုရဲ့ icon ကို ပြောင်းချင်သလို ပြောင်းလို့မရတော့ပါဘူး။ ခက်ခဲသွားပါတယ်။ File icon ပြောင်းနည်း ရေးလိုက်တာက စာဖတ်သူတွေ အပျင်းပြေ စမ်းသပ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော် ကြုံခဲ့သလိုများ ကြုံခဲ့ရင် ဖြေရှင်းနိုင်အောင်မို့ပါ။

ကျွန်တော် ကြုံခဲ့တာက ဒီလိုပါ။ စက်ထဲမှာရှိသမျှ HTM ဖိုင်တွေရဲ့ icon တွေက Unknown File Icon တွေ ဖြစ်သွားတာပါ။ ပုံမှာ ပြထားသလိုပေါ့။


အဲဒီလိုမျိုး ဖြစ်သွားတော့ Firefox ကြောင့်များလားဆိုပြီး Firefox ကို ဖြုတ်တယ်။ ပြန်တင်တယ်။ ဘယ်လိုမှ မရပါ။ HTM ဖိုင်မှန်သမျှ အဲဒီလို icon ပုံနဲ့ ပေါ်မြဲ ပေါ်နေပါတယ်။ အဲဒီတော့ ဘာဖြစ်သလဲ။ ဟုတ်ကဲ့ စိတ်ထဲ ကသိကအောက် ဖြစ်တာပေါ့ဗျာ။ အဲဒါနဲ့ပဲ icon ပြောင်းနည်းလေးကို ရှာကြည့်မိတယ် ဆိုပါတော့။

အဲဒီလိုဖြစ်ရင် ဒီလိုလုပ်ရပါတယ်။ အောက်မှာ ပြထားတဲ့အဆင့်တွေမှာ .htm အစား ပြဿနာပေးတဲ့ ဖိုင်အမျိုးအစားကို ရွေးပေးပါ။

၁။ Registry Editor ကိုဖွင့်ပါ။ HKEY_CLASSES_ROOT ထဲကနေ ပြဿနာဖြစ်တဲ့ ဖိုင်အမျိုးအစားကို ရှာပါ။ အခုတော့ htm က ဖြစ်နေတာမို့ .htm ကို တွေ့အောင် ရှာလိုက်ပါတယ်။

၂။ အဲဒီ .htm key ကို ရွေးလိုက်ရင် ညာဘက်မှာ သူ့ရဲ့ value တွေက ပုံမှာပြထားသလို ပေါ်လာပါတယ်။

၃။ ညာဘက်က Name Column မှာ Default ရဲ့ Value က FirefoxHTML ပါ။ အဲဒီဟာကို စိတ်ထဲ မှတ်လိုက်ပါ။

၎။ ပြီးတော့ HKEY_CLASSES_ROOT ထဲမှာ အစောက FirefoxHTML ကို တွေ့အောင် ထပ်ရှာပါ။ ဟော တွေ့ပါပြီ။ ဖွင့်ချလိုက်တော့ DefaultIcon ဆိုတဲ့ Key လေးပါ ပေါ်လာပါတယ်။ ညာဘက်မှာက အဲဒီ DefaultIcon ရဲ့ Default Value ရဲ့ Data နေရာမှာ ဘာမှ မရှိတာကို တွေ့ပါလိမ့်မယ်။

၅။ အဲဒီလိုမရှိတာမို့ အခုလို Unknown File Icon ပေါ်တာပါ။ ဒါကြောင့်မို့ အဲဒီ (Default) ကို Double Click နှိပ်ပြီး Firefox Icon ရှိတဲ့ နေရာကို အခုလို ထည့်လိုက်ပါတယ်။

၆။ သဘောတရားက C:\Program Files\Mozilla Firefox ထဲမှာရှိတဲ့ Fiirefox.exe ထဲမှာပါတဲ့ နံပါတ် နှစ် icon ထည့်ပါလို့ ပြောလိုက်တာပါပဲ။ ဒီနေရာမှာ တစ်ခုရှိတာက firefox.exe ထဲမှာ icon ဘယ်နှစ်ခုပါတယ်၊ နံပါတ်တွေက ဘယ်လောက်ဆိုတာကို ကျွန်တော်တို့ အလွယ်တကူ မသိနိုင်ပါဘူး။ အဲဒီအတွက် Third Party Software တစ်ခု သုံးရပါလိမ့်မယ်။ Software နာမည်က IconViewer ပါ။ File Size က 685KB ပဲ ရှိပါတယ်။ http://www.botproductions.com/iconview/download.html ကနေ ဒေါင်းနိုင်ပါတယ်။ သူ့ကို install လုပ်လိုက်ပါ။ ပြီးရင် ကိုယ် icon ကြည့်ချင်တဲ့ .exe သို့မဟုတ် .dll ဖိုင်တစ်ဖိုင်ပေါ် Right Click>Properties ခေါ်လိုက်ပါ။ အခုတော့ firefox.exe ကို Properties ခေါ်ကြည့်လိုက်တဲ့အခါ အောက်မှ ပြထားသလို ပေါ်လာပါတယ်။ (icon tab ကို နှိပ်ရပါသေးတယ်)

၇။ ပုံထဲကအတိုင်းဆိုရင် ကိုယ့် HTM ဖိုင်တွေကို တတိယမြောက် icon လေး ဖြစ်ချင်ရင် အဆင့် ၅ မှာ အခုလို ရိုက်ထည့်ပေးရပါမယ်။

C:\Program Files\Mozilla Firefox\firefox.exe, 32512 ဆိုပြီးတော့ပေါ့။

၈။ အားလုံးပြီးသွားရင် Registry Editor ကို ပိတ်လိုက်ပါ။ ကွန်ပျူတာကို Shutdown ချပါ။ ပြန်ဖွင့်ပါ။ (Restart မရပါ)

၉။ ပြီးရင် ကိုယ်ပြောင်းထားတဲ့ icon လေးတွေ ပြောင်းသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

Windows 7 မှာ အခုလို Icon ပြောင်းလဲတာအတွက် Third Party software တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့က Third Party Software တွေ သုံးရတာထက် တတ်နိုင်သလောက် Manual လုပ်ရတာကို ပိုမြတ်နိုးပါတယ်။ Manual ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုမှ Software သုံးလေ့ သုံးထ ရှိတာမို့ပါ။

0 comments:

Post a Comment