Friday, August 27, 2010

အမည်နာမ အမှတ်တံဆိပ်များ (သုခမိန်လှိုင်)

ငါကဗျာရေးဖြစ်တာမှားတယ်
ကမ္ဘာလုံးကြီးလို လည်လိုက်တော့
ရိုက်ညီနောင်လေယာဉ်ပျံ တီထွင်ဖြစ်တာ မှားတယ်
ဂူတင်ဘတ်ပုံနှိပ်စက်တီထွင်ဖြစ်တာ မှားတယ်
အင်ဒီဆင် မီးကိုတွေ့ရှိတာ မှားတယ်
အိုင်းစတိုင်း ဆွဲငင်အားကိုတွေ့တာ မှားတယ်
နယူတန် တန်ပြန်နိယာမကို တွေ့တာ မှားတယ်

စကြာဝဠာ ဈေးကွက်ထဲ
အားလုံးရောင်းစားခံရတဲ့အခါ။

(”အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ” မှ၊ ၂၀၀၆- ၂၀၀၈)

ရည်ညွှန်း- Bi Weekly Eleven News Journal၊ အတွဲ- ၁၊ အမှတ်- ၂၉ ပါ၊
ဇေယျာလင်း၏ “အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ” ကြော်ငြာ ဆောင်းပါး။

0 comments:

Post a Comment