Wednesday, September 8, 2010

လက်ပံတော

လောဘကြီးလို့ မဟုတ်
လူသားရဲ့ လုံ့လ
သေခါမှ လျှော့လိုတဲ့
ဦးမော့နေတဲ့ ဇွဲသတ္တိကြောင့်ပါ ။

တကယ်မဖြစ်တော့လဲ
ရယ်ပစ်နိုင်ပါတယ် ။

တကယ် မရတော့လဲ
တဲအိုပျက်မှာ နေရ နေရ ။

စိတ်ဓာတ်မကျ အလံမလှဲစတမ်း
ရောင့်ရဲ တင်းတိမ်
ဘဝမှာ ခံတွင်း မြိန်တတ်ပါတယ် ။

လူသားတို့ ရွာကို
လက်ချည်းလာခဲ့တဲ့ ငါဟာ
ဘာကိုများ မက်မောလို့
လက်ပံတောကို တမ်းတနေရဦးမှာလဲ ။

နေလဲပျော်ပျော်၊ သေလဲပျော်ပျော်
ငါ့အဖော်တွေ တပုံကြီးပါကွယ်။ ။

တင်မိုး
၃၀၊ ဇန္နဝါရီ၊ ၁၉၉၉
စနေနေ့ နံနက်ခင်း

0 comments:

Post a Comment