Friday, September 3, 2010

မြန်မာနိုင်ငံမှ ရေနံစိမ်း ၀ယ်ယူရန်အတွက် ပိုက်လိုင်း သုံးခု တရုတ် သွယ်တန်းမည်

မြန်မာနိုင်ငံမှ ရေနံစိမ်းများ ၀ယ်ယူရန်အတွက် ပိုက်လိုင်း သုံးခုသွယ်တန်းရန် တရုတ်နိုင်ငံအနောက် တောင်ပိုင်း ယူနန်ခရိုင်တွင် ပြင်ဆင်လျက်ရှိကြောင်း Yunnan Information သတင်းစာက ဖော်ပြခဲ့သည်။ China National Petroleum Corporation (CNPC) ရေနံကုမ္ပဏီ၏ ယူနန်ဒေသဆိုင်ရာရုံးအနေဖြင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်မည့် အလားအလာများအား တွက်ချက်ပြီးဖြစ်ကြောင်း၊ ယင်း ပိုက်လိုင်းများကို ကူမင်း၊ အန်နင်၊ ကျုကင်း၊ ချုဇောင်၊ ဒါလီ၊ ယူဇန်း ဘောင်ရှန်မြို့များသို့ ဆက်သွယ် ဖောက်လုပ်သွားမည်ဖြစ်သည်။

ပိုက်လိုင်း သွယ်တန်းခြင်းအား ၂၀၁၁ ခုနှစ်တွင် စတင်နိုင်ဖွယ်ရှိပြီး သုံးနှစ်အတွင်း အပြီးပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာကုမ္ပဏီ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အရှည် ၇၉၂ ဒသမ ၅ ကီလို မီတာ ပိုက်လိုင်းများဖြင့် ဆက်ကြောင်းဖွဲ့ကာ တည်ဆောက်သွားမည်ဖြစ်သော မြန်မာ-တရုတ် ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၏ အနောက်တောင်ပိုင်း ၆ ဒသမ ၇ ကီလိုမီတာမှစတင်ကာ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့အထိ သွယ်တန်းသွားမည်ဖြစ်ရာ တာကေမြစ်ဖြတ်ကျော် စီမံကိန်းနယ်မြေ ပါဝင်ရာ မန္တလေး ပိုက်လိုင်းသွယ်တန်းရေး အတွက် မန္တလေးမြို့အနီး ပုသိမ်ကြီး မြို့နယ်အတွင်း ပင်မစခန်းကြီးတည်ဆောက်၍ ပိုက်လိုင်းအရှည် ၄၆၄ မီတာ သွယ်တန်း တည်ဆောက်သွားမည်ဟု သိရှိရသည်။

မြစ်ချောင်းအသေးစား ဖြတ်ကျော်ခြင်း ၁၂၂ ခုနှင့် ကျောက်ဖြူမြို့အနီး မဒဲကျွန်းအထိ ၂၂ ကီလိုမီ တာအပိုင်းသည် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းခင်းသော အပိုင်းတို့ ပါဝင်မည်ဖြစ်ရာ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုအတွက် အပူခံစနစ်၊ အသိုး၊ အပုပ်ကာကွယ်သော စနစ်များပါရှိ သည့် ၁၀၁၆ မီလီမီတာအချင်းရှိ X 70 အမျိုးအစား ပိုက်လိုင်းများကို အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ပိုက်လိုင်းအရှည် ၇၇၀ ဒသမ ၅ ကီလို မီတာရှိမည်ဖြစ်သော ရေနံပိုက်လိုင်း တွင်လည်း ၎င်းပိုက်အမျိုးအစားများကို အသုံးပြုသွားမည်ဟုသိရသည်။

0 comments:

Post a Comment